Sunday, August 6, 2017

We need your any valuable support

Emergency Reliefs Camp in Zedibyin for Conflict Victims
     You're specially requested to share any valuable support for the conflict victims who leaved their native home where is such as dark areas or insecurity places and lack of rule of law,  effected area of Bangli terrorism attacks  from Rathedang township, Maungdaw, Buthedaung township, Rakhine state to  Emergency reliefs camp, Zedibyin , Rathedaung township.  some local people ( below list ) supported as much as they can for conflict victims.  Thus, your support will be one of parts for their lives. 



ပျောက်ဆုံးနေသူ မြိုတိုင်းရင်းသူ ၂ ဦးထဲမှ တစ်ဦးရဲ့ အလောင်းတွေ့ရှိ

နိရဉ္စရာ၊ သြဂုတ် ၅
မောင်တောမြို့နယ် ကိုင်းကြီးမြိုတိုင်းရင်းသား ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီး၂ ဦးထဲက မတုန်ဝဲ အသက်(၂၁)နှစ် အလောင်းကို ဒီကနေ့မှာ တွေ့ရှိခဲ့ပါတယ်။

သူမရဲ့ အလောင်းကို ကိုင်းကြီးရွာရဲ့ အရှေ့ ဘက်ကိုက်၁၀၀၀ အကွာ အဝေးရှိ ဇော်မတက်ချောင်း အနီးမှာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

ဘူးသီးတောင်တွင် ပျိုးစိုက်နေသူ အမျိုးသမီးတစ်ဦး အသတ်ခံရသည့်သတင်းမှာ သတင်းမှားဟု ရဲစခန်းမှူးပြော

5.8.2017
ဘူးသီးတောင် ရွာချေ အနောက်ဘက် လယ်ကွင်းထဲတွင် ကောက်စိုက်နေသော ရခိုင်အမျိုးသမီးတစ်ဦးအား ယနေ့ မိုးထက် (နံနက်) ၁၀ နာရီခန့်တွင် ဘင်္ဂလီကုလားများကလယ်ကွင်းထဲတွင် ရက်ရက်စက်စက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦး၏သတင်းအရ သိရှိရသည်။
Crtd: Lu Chay


ရသေ့တောင်နှင့် ဘူးသီးတောင်နယ်မှ ရခိုင်မိသားစုများ နေရပ်စွန့်ခွာ

အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ သြဂုတ်လ ၅ ရက်
အကြမ်းဖက်ဘင်္ဂလီများမှ ရန်ပြုမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်နှင့် ဘူသီးတောင်မြို့နယ်တောင်ပိုင်း ကျေးရွာတစ်ချို့မှ မိသားစုများ နေရပ်ကို စွန့်ခွာနေကြသည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာသို့ မေယူတောင်ခြေရင်း ကျေးရွာများ ဖြစ်ကြသည့် ပြင်ရှည်မှ ၁၇ ဆောင်၊ ပိတောက်မြိုင်မှ ၄၁ ဆောင်နှင့် ချွတ်ပြင်မှ ၃၁ ဆောင်၊ စုစုပေါင်း ၈၉ ဆောင် လူပေါင်း ၃၀၀ ကျော် ရောက်ရှိနေကြောင်း ယမန်နေ့က စေတီပြင်ရွာသို့ သွားရောက်ခဲ့သည် ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

အများစုမှာ စေတီပြင်သို့ ပြောင်းရွှေ့လာကြသော်လည်း တစ်ချို့လည်း လုံခြုံမှုပိုကောင်းရာ ကျေးရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သူက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် မြိုတိုင်းရင်းသား ၆ ဦး၏ အသုဘ ဒေသခံပြည်သူ ၃၀၀၀ ခန့် လိုက်ပါပို့ဆောင်

အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ သြဂုတ် ၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မူဆလင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မြိုတိုင်းရင်သား ၆ ဦး၏ အသုဘကို သြဂုတ် ၄ ရက်နေ့က ပြုလုပ်ရာ မောင်တော ဒေသခံ ပြည်သူ ၃၀၀၀ ခန့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

မောင်တောမြို့ ပြည်သူဆေးရုံမှ မောင်တော သုဿန်သို့ သဂြိင်္ုလ်ရန် အလောင်းများကို နေ့လယ် ၂ နာရီက ယူဆောင်လာစဉ် ဒေသခံ ပြည်သူ ၃၀၀၀ ခန့်က ၀ိုင်းရံကာ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

some of Activities of Green Community Farm, in May-July, 2016