အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ သြဂုတ် ၅
နိရဉ္စရာ၊ သြဂုတ် ၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးရွာမှ မူဆလင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မြိုတိုင်းရင်သား ၆ ဦး၏ အသုဘကို သြဂုတ် ၄ ရက်နေ့က ပြုလုပ်ရာ မောင်တော ဒေသခံ ပြည်သူ ၃၀၀၀ ခန့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
မောင်တောမြို့ ပြည်သူဆေးရုံမှ မောင်တော သုဿန်သို့ သဂြိင်္ုလ်ရန် အလောင်းများကို နေ့လယ် ၂ နာရီက ယူဆောင်လာစဉ် ဒေသခံ ပြည်သူ ၃၀၀၀ ခန့်က ၀ိုင်းရံကာ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
“အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ အခုလို ရိုးသားတဲ့ တိုင်းရင်းသားတွေ၊ အပြစ်မဲ့တဲ့ တိုင်းရင်းသားတွေ ကိုယ့်မြေပေါ်မှာ အခုလို ရိုးရိုးသားသား လုပ်ကိုင်နေချိန်မှ မတရား သတ်ဖြတ်ခံလိုက်ရတာ ကြေကွဲမဆုံးပါဘူး” ဟု အသုဘ လိုက်ပို့သူ ဒေါ်မြရွှေက ပြောသည်။
အသုဘပို့ဆောင်ရန် ဘူသီးတောင် မြို့မှ လူမူအဖွဲ့အစည်းများ ရဟန်သံဃာများနှင့် အများပြည်သူ စုစုပေါင်း ၇၀၀ခန့် ပူးပေါင်း ပါဝင်တက်ရောက်ခဲ့သည်။
ယခု သေဆုံးသူများသည် သူတို့၏ တောင်ယာခွင်တွင် တောင်ယာအလုပ်ကို လုပ်ကိုင်နေစဉ် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ သေနတ်များ၊ ဓားများဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်ကြသည်။
သေဆုံးခဲ့ရသူများမှာ ကိုင်းကြီးမြိုကျေးရွာမှ ကုန်ဝိုင်း(၂၅) နှစ်(ဘ)ဦးစံထွန်း၊ လင်းကြတ်(၂၉)နှစ် (ဘ)မာန်ဒိုင်း၊ ဦးကိုင်းမွှေး(၂၅)နှစ်(ဘ)ဦးတင်ဝိုင်း၊ ဒေါ်ဆိန်ရာ (၃၈)နှစ် (ဘ)ဦးပါရာ၊ ဒေါ်ရီ(၂၇)နှစ် (ဘ)ဦးရှိန်နှင့် ဒေါ်ထီးကော် (၂၅)နှစ် (ဘ) ဦးရိုင်ရုံးတို့ ဖြစ်ကြသည်။
သေဆုံးသူ ၆ ဦးနှင့် ပျောက်ဆုံးသူ ၂ ဦးအတွက် မောင်တောမြို့အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီမှ မိသားစုတစ်စုလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ငွေ ၈ သိန်း ထောက်ပံ့ကူညီပေးခဲ့သည်ဟု ၎င်းအဖွဲ့၏ ဘဏ္ဍာရေးမှူး ဦးဟန်မောင်က နိရဉ္စရာသို့ ပြောသည်။
ဘူးသီးတောင်မြို့မှ လူမှုရေး ဆောင်ရွက်နေသူ ကိုဇော်ဝင်းကလည်း ဘူးသီးတောင်မြို့အရေးပေါ်ကူညီထောက်ပံ့ရေးမှလည်း မိသားစု တစ်ခုကို ၁ သိန်းနှုန်းဖြင့်ငွေ ၈ သိန်းကျပ်အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားသည်။
နောက်ဆုံးရရှိသော သတင်းအရ ပျောက်ဆုံးနေသူ အမျိုးသမီး ၂ ဦး၏ အလောင်းများကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိထားပြီဟု သိရသည်။

No comments:
Post a Comment