Sunday, August 6, 2017

ပျောက်ဆုံးနေသူ မြိုတိုင်းရင်းသူ ၂ ဦးထဲမှ တစ်ဦးရဲ့ အလောင်းတွေ့ရှိ

နိရဉ္စရာ၊ သြဂုတ် ၅
မောင်တောမြို့နယ် ကိုင်းကြီးမြိုတိုင်းရင်းသား ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီး၂ ဦးထဲက မတုန်ဝဲ အသက်(၂၁)နှစ် အလောင်းကို ဒီကနေ့မှာ တွေ့ရှိခဲ့ပါတယ်။

သူမရဲ့ အလောင်းကို ကိုင်းကြီးရွာရဲ့ အရှေ့ ဘက်ကိုက်၁၀၀၀ အကွာ အဝေးရှိ ဇော်မတက်ချောင်း အနီးမှာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

မတုန်ဝဲဟာ သေဆုံးချိန်မှာ ကိုယ်ဝန်လေးလရှိပြီလို့ သိရပါတယ်။
ဒီကနေ့ နေ့လယ်ကတော့ အလောင်းကို မောင်တောဆေးရုံကို ယူဆောင်လာပါတယ်။
အလောင်းပြန်ရကြောင်းနှင့် ကျန်ပျောက်ဆုံးနေသူ တစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြုပြောကြားပါတယ်။
မတုန်ဝဲ အလောင်း/ Photo – way saw way

No comments:

Post a Comment

some of Activities of Green Community Farm, in May-July, 2016